Posts

Myanmar Military’s Conscription Law: A Historical Perspective

Image
  Myanmar  Military’s Conscription Law:  A  Historical Perspective By Nyo Htun From the revered era of the Three Heroes of the Burmese Independence Army to modern times, the Myanmar Armed Forces, or Tatmadaw, has long been celebrated for its glory. However, under the leadership of Senior General Min Aung Hlaing, the institution has faced unprecedented disgrace and criticism. Following the country’s independence, the Tatmadaw earned renown by dismantling the Communist Party of Burma, expelling Chinese Kuomintang invaders, and safeguarding the Rangoon government during the 1950s. However, these glorious days are now a distant memory, with international observers increasingly critical of the current state of the armed forces. In the aftermath of the chaotic 2021 Spring Revolution, Senior General Min Aung Hlaing introduced a policy mandating civilian military service. This initiative marked a significant departure from the Tatmadaw’s traditional methods and raised questi...

Declining Military Prestige: Selling Eggs Won’t Restore Respect

Image
Declining Military Prestige: Selling Eggs Won’t Restore Respect (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။)   Nyo Htun Today’s topic of discussion is dignity—a quality vital to individuals, organizations, and nations alike. Dignity, in essence, reflects the legacy shaped by human actions. Unfortunately, the dignity of Myanmar's military (Tatmadaw) has been on a steep decline, not only internationally but also domestically. While this issue isn't about pointing fingers at individuals, ultimate responsibility lies with the Commander-in-Chief, who leads the institution. Why is the Military Losing Prestige? Examining the reasons behind the military’s diminished reputation reveals four primary factors: Failure to win the people’s trust and affection. An obsession with power among military leaders. A self-perception as saviors and benefactors of the nation. Oppression of the people. Under General Aung San's leadership during the Burma Independence Army (BIA) era, the milit...

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

Image
မြန်မာနိုင်ငံမှာနေ မြန်မာလူမျိုးဖြစ်လို့ နေ့တိုင်းတော့ မြန်မာစကားကိုပြော၊ မြန်မာစာကို ဖတ်နေကြရတာပါပဲ။ ပြည်တွင်းကပုဂ္ဂလိက ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ မြန်မာစာ ဘာသာရပ်ဟာ တိုင်းခြားဘာသာရပ်တစ်ခုလို ဖြစ်လာနေပါတယ်။ အကြောင်းကတော့ အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ အဆင့်မြင့်တဲ့ ပညာရေးကို ရယူနေကြပေမဲ့ မြန်မာစာအတွက် ပြင်ပမှာ ဆရားငှားပြီး သီးခြားထပ်မံသင်ယူနေရတာကြောင့်ဖြစ်ပါတယ်။  ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကျောင်းတချို့ဆိုရင်လည်း သူတို့ကျောင်းတွေမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးတာ မရှိတော့ပါဘူး။ မြန်မာစာအပေါ်  ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားမှုနဲ့ တန်ဖိုးထားမှု လျော့နည်း လာတာဟာ မြန်မာစာအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။  လူမျိုးတစ်မျိုးရဲ့ ဘာသာစကားဟာ အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းလို့ ပြောစမှတ်ရှိကြပါတယ်။ ရေနဲ့ကြာလို စာပေမြင့်မှ ယဉ်ကျေးမှုလည်း တင့်ပါလိမ့်မယ်။  လူငယ်တို့အတွက် ခေတ်ကြီးက  တိုးတက်တဲ့အမြင်နဲ့ တိုးတက်တဲ့ အယူအဆကို တောင်းဆိုနေပါတယ်။ အဲဒီလို တိုးတက်တဲ့အမြင်၊  တိုးတက်တဲ့အယူအဆကို သဘောတူလက်ခံကျင့်သုံးနိုင်သလိ...

ဒေါက်တာဘမော်နှင့် ပညာတတ်နိုင်ငံရေး (စိတ်ကူးရနံ့)

Image
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး နောက်တစ်ရက် လန်ဒန်တိုင်းမ်သတင်းစာကို ဒေါက်တာဘမော်က ပြောတယ်။ "မြန်မာလူငယ်တွေ လက်နက်ကို စွဲလမ်းသွားပြီ။ အနာဂတ်နိုင်ငံရေးကို လက်နက်တွေနဲ့ ဆုံးဖြတ်ကြတော့မယ်"(အတိအကျမဟုတ်) ဆရာကျော်ဝင်းစာအုပ်ထဲမှာလည်း ပါတယ်။ တခြားစာအုပ်တွေထဲမှာလည်း အဲဒါပါတယ်။ ငယ်ငယ်က အဲဒါဖတ်ရတော့ ဒီလူကြီးပြောတာ အဟုတ်ထင်တာ။ လူငယ်တွေ အတော်ဆိုးတာဆိုပြီးလည်း အထင်ရောက်ခဲ့မိပါတယ်။ ဒေါက်တာဘမော်ဆိုတာ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်မှာ ထိပ်သီးပညာတတ်လို့ပြောရမယ်။ ဟိုဘက်ကအခန်းကနေ သူနဲ့ တခြားတစ်ယောက်(နာမည်မမှတ်မိ) စကားပြောနေရင် ဒီဘက်ကနေကြားရတဲ့လူက သူတို့ကို ဘိုတွေလို့ကို ထင်တာတဲ့...သခင်ကိုယ်တော်မှိုင်းက အဲဒီလိုပြောတယ်ဆိုလားပဲ။  အခုခေတ်အထိလည်း ဒေါက်တာဘမော်ရဲ့မျိုးဆက်တွေဟာ တကယ့်ပညာတတ်တွေပါ။ ပြောချင်တာက  သက်ကြီး ပညာတတ်တွေဟာ ဒေါက်တာ ဘမော်ကို အတော်လေးအထင်ကြီးကြတာ။ ဒေါက်တာဘမော်တို့လို ပညာတတ်တွေရှိပါလျက်နဲ့ ဗိုလ်ချုပ်တို့လို လူတွေကို ပြည်သူက ရွေးချယ်ပုံကိုကြည့်ပြီး မြန်မာပြည်သူတွေဟာ ခေတ်အဆက်ဆက် ပညာတတ်ကို တန်ဖိုးမထားဘူးလို့ ကောက်ချက်ချသေးတာ။  ဒေါက်တာဘမော်တို့၊ အင်ဒိုနီးရှား စီးပွားရေးပြုပြင်ပြောင်းလဲမှု ဘာ...

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

Image
ကျားဖြန့်ဆိုတာ ဘာလဲ။ ကျားဖြန့် ဘာတွေလုပ်လဲ။ ကျားဖြန့်က လူငယ်တွေနဲ့ ဘယ်လိုပတ်သက်လဲ ဒီလိုမေးခွန်းပေါင်းများစွာအတွက် ဒီဆောင်းပါးက အဖြေဖြစ်ပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကျားဖြန့်လုပ်ငန်းစဉ်ကို တစ်ဆင့်ချင်း အထုပ်ဖြည်ပြမှာဖြစ်သလို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကိုပါ ရှင်းပြသွားမှာပါ။ ကျားဖြန့်ဆိုတာ ဘာလဲ ကျားဖြန့်ဆိုတာ 诈骗 (Zhàpiàn) ဆိုတဲ့ တရုတ်စကားလုံး တစ်ခုပါ။ ပြီးတော့ တရုတ်အသံထွက်အနေနဲ့ ကျားဖြန့်လို့ ခေါ်ကြတာပါ။ လိမ်ညာခြင်း၊ ငွေကြေးလိမ်ညာခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အရှေ့တောင်အာရှနဲ့နိုင်ငံတော်တော်များများမှာတော့ ကျားဖြန့်ဆိုတာကို အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုဆိုပြီး သဘောပေါက်ထားကြပါတယ်။ ကျားဖြန့်ကို ဘယ်သူစလဲ ကျားဖြန့်ဆိုတာ တရုတ်စကားလုံး၊ တရုတ်စာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကျားဖြန့် လိမ်လည်တဲ့လုပ်ငန်းရဲ့အစဟာ တရုတ်တွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာထိပ်တန်း ရောက်လာပြီးတဲ့နောက် တစ်ကမ္ဘာလုံးမှာ ကျားဖြန့်လုပ်ငန်းဟာ ကြီးထွားလာတာဖြစ်ပါတယ်။ ဘယ်သူတွေက ကျားဖြန့်ရဲ့ အဓိကပစ်မှတ်လဲ ကျားဖြန့်ရဲ့ အဓိကပစ်မှတ်ကတော့ ခြုံပြောရရင် ငွေကြေးချမ်းသာတဲ့ အနောက်နိုင်ငံကလူတွေပဲ ဖြစ်ပါတယ်။  အမ...

မြန်မာပြည်အမိန့်ပေးစီးပွား အသက်ဝင်ပြီလား

Image
၂၀၂၁ နောက်ပိုင်း နှစ်တွေမှာ မြန်မာပြည်ရဲ့စီးပွားရေးပုံစံက ပြောင်းသွားတယ်လို့ ပြောရမယ်။ ဘာတွေဘယ်လိုပြောင်းသွားလဲဆိုရင် အရင်က ပုံစံတကျမဟုတ်တောင် သူ့နည်းနဲ့သူ လည်ပတ်နေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကြီးနေရာမှာ စီးပွားရေးပုံစံတစ်မျိုးက အစားဝင်လာတာကို တွေ့နေရပါတယ်။  အဲဒါက အရာရာကို အစိုးရက ချုပ်ကိုင်ချင်တဲ့၊ ဗဟိုချုပ်ကိုင်မှုများတဲ့၊ အမိန့်ပေးစွက်ဖက်တဲ့ စီးပွားရေးပုံစံပါ။  အဲဒါကို မျက်စိထဲပေါ်လွင်၊ နားထဲစွဲအောင်ပြောရရင် အမိန့်ပေးစီးပွားရေးစနစ်လို့ပဲ ပြောကြပါစို့။  အဲဒီအမိန့်ပေးစီးပွားရေးပုံစံကြီးက ဘယ်ကနေ ဘယ်လိုစလဲဆိုရင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုက စတယ်။ ဒါဖြင့် ကုန်ဈေးနှုန်းကြီးတာကရော ဘယ်ကစလဲ။ ဒါတော့ နိုင်ငံရေးအခြေအနေမကောင်းတာ၊ တည်ငြိမ်မှုကင်းမဲ့တာကနေ စတယ်လို့ပဲပြောရမယ် ။  ဒီတော့ နိုင်ငံရေးကို ခဏထားပြီး အမိန့်ပေးစီးပွားရေးဆိုတာကိုပဲ ကြည့်လိုက်ရအောင်ပါ။  ၂၀၂၁ နောက်ပိုင်းမှာ အထွေထွေကုန်ဈေးနှုန်းက အတော်ကို တက်လာပါတယ်။ ဥပမာ ပြောပြပါမယ်။ ၂၀၂၁ မတိုင်ခင်က ၅၀,၀၀၀ တန် ဆန်အိတ်က အခုတော့ ၁၆၀,၀၀၀ ဖြစ်နေပါပြီ။  အရင်က ဆီတစ်ပိဿ ၂၀၀၀ က အခုဆို အကန့်အသတ်နဲ့ရောင်းပေးတာကို စီတန်းပြီး...

ကမ္ဘာသိ မြန်မာဘောဂဗေဒပညာရှင် သို့မဟုတ် ဒေါက်တာလှမြင့်

Image
မြန်မာပြည် ဘောဂဗေဒသမိုင်းမှာ ကမ္ဘာသိထင်ရှားတဲ့ ပညာရှင်တစ်ဦးကို ပြပါဆိုရင် ဒေါက်တာလှမြင့်ကို လက်ညှိုးညွှန်ရပါလိမ့်မယ်။ တိုင်းပြည်ကနေ သူထွက်သွားတော့ သူ့အသက် ၄၁ ၊ အသက် ၉၂ ကျမှ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ နှစ်ပေါင်း ၅၀ ကျော် ပြည်ပမှာပဲ  ဆရာကြီးနေခဲ့တာ ဘာကြောင့်များလဲ။ ဆရာကြီးဒေါက်တာလှမြင့်အကြောင်းက သိမှီလိုက်သူတွေ၊ စိတ်ဝင်စားသူတွေအတွက် ကြားဖူးနေကြဖြစ်ပေမဲ့ ဒီနေ့လူငယ်တွေအတွက်တော့ နားနဲ့စိမ်းနေဦးမှာပါ။ ဒီတော့ ကျွန်တော်တို့က ကမ္ဘာသိ မြန်မာ ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့် အကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။ ဒီစာစုကတော့ ဆရာကြီးအကြောင်း မိတ်ဆက်ဖြစ်လို့ သူ့ရဲ့ပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်တွေကိုတော့ ဖော်ပြမှာ မဟုတ်သလို အဲဒီလိုဖော်ပြနိုင်ဖို့ကလည်း မလွယ်ကူဘူးဆိုတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ ဆရာကြီးဒေါက်တာလှမြင့်ကို ဧရာဝတီတိုင်း ပုသိမ်မှာ၊ ၁၉၂၀ မှာမွေးပါတယ်။ အသက် ၁၄ နှစ် ၁၉၃၄ ကျ ရန်ကုန်တက္ကသိုလ်ရောက်ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က အသက် ၁၅ နှစ်ရောက်မှ ပညာသင်နိုင်တာဖြစ်ပေမဲ့ ဆရာကြီးကတော့ သူ့ရဲ့ထူးချွန်မှုကြောင့် အသက် ၁၄ နှစ်နဲ့ပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘောဂဗေဒပညာရှင် ဟာရိုဘာနာဒယ်...

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

Image
 ကမ္ဘာကြီးကတော့ စီးပွားပျက်ကပ် ဆိုက်ရောက်တော့မလားဆိုပြီး ကြိုတင်ပူပန်နေရပါပြီ။  ရုရှား-ယူကရိန်း ကျူးကျော်စစ်ဒဏ်ကြောင့် ရုရှားပြည်သူတွေ ဒေဝါလီခံကြလွန်းလို့ ကြွေးရှင်တွေလည်း ကြွေးမရမှာကိုတွေးပြီး ပူတင်ကို ပြောရပါတော့တယ်။ ဒီလိုနဲ့ ရုရှားမှာဆို အခုနှစ် ဧပြီလကနေ အောက်တိုဘာလကုန်အထိတော့ ဒေဝါလီခံတာကို တားမြစ်မိန့်ထုတ်ထားရပါတယ်။  ဒီလိုပဲ ရုရှား-ယူကရိန်းစစ်ကြောင့် အီးယူကလည်း အတော်ပဲ အခက်တွေ့နေရတာပါ။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဆို သူ့ပြည်သူတွေကို လျှပ်စစ်မီးကိစ္စတောင့်ခံကြဖို့ ကြိုမှာထားရပါတယ်။ တဖက်မှာလည်း အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချလိုက်တာကလည်း လူပြောစရာဖြစ်နေသလို အိမ်နီးချင်း သီရိလင်္ကာကတော့ ကြေးနွံနစ်၊ စီးပွားပျက်ပြီး သမ္မတတောင် ထွက်ပြေးသွားရတာပါ။  မြန်မာ့စီးပွားရေးကိုကြည့်တော့လည်း ပြီးခဲ့တဲ့ ၂၀၂၁ မှာ စီးပွားရေးက ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အခုနှစ်မှာ ၃ ရာခိုင်နှုန်းလောက် ပြန်တက်မယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။  ကမ္ဘာ့ဘဏ်ရဲ့ကိန်းဂဏန်းတွေက မျက်စိရှုပ်ဖို့ကောင်းသလို သာမန်နိစ္စဓူဝလှုပ်ရှားရုန်းကန်နေရတဲ့ ပြည်သူတွေအတွက်လည်း နားလည်ဖို့ခက်ပါတယ်။ ဒါပေမယ့် ကမ္ဘာဘဏ်ပြ...

မိုးမိုး(အင်းလျား)သို့ ဝမ်းနည်းမှတ်တမ်းသဝဏ်လွှာ - ခေတ်အလင်း

Image
  ဆရာမ မိုးမိုးအင်းလျားကွယ်လွန်ချိန် မဟေသီမဂ္ဂဇင်းရဲ့ ဝမ်းနည်းမှတ်တမ်းဖြစ်ပါတယ်။ ဆရာမ မိုးမိုး(အင်းလျား)ဟာ အသက် ၄၆ နှစ်အရွယ် (၁၃.၃.၁၉၉၀) မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး စာပေနယ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်း ဆရာမရဲ့စာပေလက်ရာတွေက သက်သေခံလျက်ရှိပါတယ်။ 

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

Image
    မေလ ၁၄ ရက်သည် ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ ထိုနေ့တွင် စစ်ခေါင်းဆောင်တပ်တွေ ဝင်ရောက်မီးရှို့သောကြောင့် မြန်မာ့နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ရွာတွေ ပြာကျခဲ့သည်။ ဒေသခံများသည် ဗုဒ္ဓနေ့၏ အနှစ်သာရကို မခံစားနိုင်ဘဲ အသက်ဘေးကြောင့် ပြေးနေလွှားနေခဲ့ရသည်။ တစ်ဖက်တွင်လည်း မီးရှို့ ပစ်ခတ်နေသည့် စစ်တပ်၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ့အစိုးရအဖွဲ့က ဒက္ခိဏသီရိမြို့နယ်မှာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာ ရေးထိုးပူဇော်သည့် အခမ်းအနားကို တက်ရောက်လျက်ရှိသည်။ ထို့အပြင် ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ကြီးတွင် ကဆုန်ညောင်ရေသွန်းခဲ့ကြသေးသည်။ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ်သည်လည်း ထိုနေ့တွင် သံဃာအပါး ၁၀၂၆၄ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ခမ်းခမ်းနားနားကျင်းပခဲ့သည်။ ထိုအတွက် ကျပ်သိန်း ၈၅၀၀ (၈၅၀,၀၀၂,၅၆၀ ကျပ်) သုံးစွဲခဲ့သည်။ ပြီးခဲ့သည့် မေလအတွင်း စစ်ခေါင်းဆောင်နှင့် နောက်လိုက်များသည် ဘာသာရေးအခမ်း အနားပွဲများစွာကို တက်ရောက်ခဲ့ကြပြီး ထိုထိုသော ပွဲများအနက် အချို့ကို ကောက်နုတ်ပြရလျှင် သံဃာတော်များကို ဆုတံဆိပ်ဆက်ကပ်ပွဲ၊ ထီးတေ...