ရွေးကောက်ပွဲ မာယာ - ညိုထွန်း
ညိုထွန်း နိုင်ငံရေးသမားသည် အာဏာအတွက် ရွေးကောက်ပွဲကို မျှော်သည်။ ပြည်သူကမူ ရွေးကောက်ပွဲမှတဆင့် အစိုးရကောင်းကိုမျှော်သည်။ ရွေးကောက်ပွဲများ၏ မူလဘူတရည်ရွယ်ချက်သည် အစိုးရကောင်းကို ပြည်သူ့ဆန္ဒဖြင့် တင်မြှောက်နိုင်ရန်ဖြစ်သည်။ သို့သော်လည်း ပြည်သူ့ဆန္ဒသည် အခါခပ်သိမ်း ဖြစ်နိုင်သည် မဟုတ်ပေ။ အကြောင်းမှာ ရွေးကောက်ပွဲများတွင် ထောင်ချောက်ရှိသည်။ လှည့်စားမှုများရှိသည်။ ပုံမှန်အခြေအနေတွင်ကျင်းပသည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးသမားများက သူတို့ကိုမဲထည့်ရန်အတွက် ပြည်သူကိုစည်းရုံးသည်။ အာဏာရှင်များ သို့မဟုတ် အာဏာသိမ်းသူများ ကျင်းပသည့် ရွေးကောက်ပွဲများတွင်မူ နိုင်ငံရေးသမားများက စည်းရုံးသူမဟုတ်တော့။ အာဏာရှင်များ၏ စည်းရုံးမှုကို ခံကြရသူများဖြစ်သွားသည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနောက်ပိုင်းက အာဏာကိုသာ မျှော်ကြည့်ကြသည်။ ရွေးကောက်ပွဲရှေ့က ချောက်ကမ်းပါးကြီးကိုမူ မမြင်ကြ။ သို့မဟုတ် မမြင်ချင်ယောင်ဆောင်ကြသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်ကျင်းပသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးခံ လိုက်ရသော နိုင်ငံရေးပါတီများကို တွေ့မြင်စပြုလာရသည်။ ဗောင်းတော်ညှိတ် စိတ်တော်သိ