မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ဗဟိုချက် - ညိုထွန်း
''မြန်မာစစ်တပ်မှာ အခြားသောအာရှတိုက်ရှိ အာဏာရှင်နိုင်ငံများမှ စစ်တပ်များကဲ့သို့မဟုတ်ဘဲ နောက်ကွယ်တွင် ကျန်ရှိနေနိုင်ပြီး မိမိ၏အကြွင်းမဲ့အာဏာကို စွန့်လွှတ်ရာတွင်လည်း တုံ့ဆိုင်းနေနိုင်ပါသည်။ ထို့ကြောင့်အသွင်ကူး ပြောင်းမှု ဒီရေကျအန္တရာယ်ရှိနိုင်သည်'' ဒန်စလိတ်တာ၊ ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ ၂၀၁၇ ခုနှစ် ဇူလိုင်လထုတ် မြန်မာကွာတားလီးဂျာနယ်ပါ ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဒန်စလိတ်တာ၏ ကြိုတင်မှန်းဆချက်တစ်ခုသည် ယခုအခါ အမှန်ပင် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲချမ်းသာကွာဟမှုကြီးမားသော၊ စက်မှုနိုင်ငံမဟုတ်သေးဘဲ လယ်ယာစိုက်ပျိုးရေး အ ခြေခံ စီးပွားရေးတွင်သာ တဝဲလည်လည်ဖြစ်နေသော၊ ဒီမိုကရေစီ ရေခံမြေခံတစ်ခုဖြစ်သည့် လူလတ်တန်းစားအလွှာ အားနည်းသော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားမကောင်းသော၊ လူမှုရေး တန်းတူညီမျှမှုအားနည်းသော နိုင်ငံများ တ