၂၀၂၃ စီးပွားရေးပိတ်ဆို့မှုကြား အကြပ်ရိုက်ခဲ့တဲ့ စစ်ကောင်စီ
၂၀၂၃ ခုနှစ်လည်း ကုန်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း ၃ နှစ်ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ကတော့ စစ်ကောင်စီအတွက် ကသောင်းကနင်း စီးပွားရေးနှစ်တစ်ခုကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ပါ။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ပြည်တွင်းမှာ အတော်ပဲ အကျပ်ရိုက်ခဲ့သလို သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်စရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ စစ်ကောင်စီအတွက် ၂၀၂၃ ခုနှစ်မှာ ကြီးကြီးကျယ်ကျယ်ထိခိုက်ခံစားခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံပိုင်ဘဏ် ၂ ခု ဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပိတ်ဆို့အရေးယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ စတင်အသက်ဝင် တာကတော့ ဩဂုတ်လ ၅ ရက်နေ့ဖြစ်ပါတယ်။ ဒီကိစ္စဟာ အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ၊ သံတမန်ရေး အစရှိတဲ့ ဘက်ပေါင်းစုံက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင