Posts

NUG ကို အဝေးမြင်ဆင်ခြင်ခြင်း - ညိုထွန်း

Image
တော်လှန်ရေးကြီး စခဲ့တာ တစ်နှစ်ခွဲတင်းတင်း ပြည့်ခဲ့ပါပြီ။ လာမည့် စက်တင်ဘာလ ၇ ရက်ရောက်ရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခုခံစစ်ကြေညာချက်ဟာ တစ်နှစ်ပြည့်မြောက်တော့မှာပါ။ ဆိုလိုတာကတော့ ကိုယ့်အပြစ်ကိုယ်ရှာ၊ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပြီး ပြင်သင့်တာ ပြင်ချိန်ရောက်ပြီလို့ ဆိုလိုတာပါ။  ဒီတော့ အာဏာသိမ်းမှုအလွန် ခုခံစစ်ကြီးမှာ ဘယ်လောက်အောင်မြင်ခဲ့ပါပြီလဲ။ ဘယ်နေရာတွေက အားနည်းချက်တွေ ဖြစ်နေတာပါလဲ။  အရင်ဆုံး ပြည်သူတွေနဲ့ပဲ စလိုက်ကြရအောင်ပါ။  မြန်မာပြည်လောက် နောက်လိုက်ကောင်းတဲ့ တိုင်းပြည်မရှိဘူးလို့ စာရေးဆရာ သိန်းဖေမြင့်က သူ့ရဲ့နာမည်ကျော် သပိတ်မှောက်ကျောင်းသား စာအုပ်ထဲမှာ ရေးပါတယ်။  ၁၉၃၆ ကျောင်းသားသပိတ် မအောင်မြင်ရတဲ့အကြောင်းကို ရေးရာမှာ “ဗမာပြည်(မူရင်းအသုံး)လောက် နောက်လိုက်ကောင်းသော တိုင်းပြည်မရှိသလောက်ဖြစ်သည်ကိုပင် နောက်လိုက်ညံ့၍ဟု စွပ်စွဲခြင်းမှာ ကိုယ့်လူမျိုးအကြောင်း မသိရာရောက်သည်”ဆိုပြီး ရေးခဲ့ပါတယ်။  ၈၈၈၈ အရေးတော်ပုံမှာ ပြည်သူတွေဖြစ်တဲ့ နောက်လိုက်တွေ ဘယ်လောက်ညီပါသလဲ။လှည်းနေလှေအောင်း စုစည်းခဲ့တာမလား။  ရှစ်လေးလုံးအပြီး ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်သူတွေ ဘယ်လောက်ညီလဲ။ ...

နှစ် ၆၀ ၊ ခေါင်းဆောင် ၃ ဦးနဲ့ စင်ကာပူအိပ်မက်ထုဆစ်သူများ

Image
                                           စင်ကာပူ Founding Father သံမဏိ လီကွမ်ယု။  ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်မှာ စင်ကာပူရဲ့ တတိယမြောက် ဝန်ကြီးချုပ် လီရှန်လွန်းတစ်ယောက် ဝန်ကြီးချုပ်ရာထူးကနေ လိုလိုချင်ချင်ပဲ စွန့်ခွာသွားပါတယ်။ လိုလိုချင်ချင်စွန့်တယ်ပြောတာ အကြောင်းရှိပါတယ်။ သူ့ကို ဘယ်သူ့ကမှ အတင်းအကြပ် အာဏာစွန့်ဖို့ တောင်းဆိုမနေကြလို့ပါ။ သူက သူရဲ့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ လော့ရင့် ဝမ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်ခံစေပါတယ်။ ဒီတော့ မေးခွန်းက ကျွန်တော်တို့ အိမ်နီးချင်းရဲ့ စင်ကာပူအကြောင်းကို ကျွန်တော်တို့က ဘာလို့ တခုတ်တရပြောနေရတာပါလဲ။   ဘာကြောင့်လဲဆိုတော့ အတိတ်တစ်ချိန်တုန်းက ကျွန်တော်တို့ကို စင်ကာပူက အားကျခဲ့သလို ကျွန်တော်တို့ကလည်း မကြာသေးတဲ့ နှစ်တွေကပဲ စင်ကာပူကို ကျော်မယ်လို့ ပြောခဲ့ကြတာမလား။ ဒီတော့ စင်ကာပူရဲ့ ခမ်းနားတဲ့ပုံပြင်ကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်ပါ။  ဒီလိုပြောလို့ စင်ကာပူရဲ့ ပုဂ္ဂိုလ်ရေး အမွှမ်းတင်မှုတွေကို ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Stat...

ရွေးကောက်ပွဲ မာယာ - ညိုထွန်း

Image
    ညိုထွန်း နိုင်ငံရေးသမားသည် အာဏာအတွက် ရွေးကောက်ပွဲကို မျှော်သည်။ ပြည်သူကမူ ရွေးကောက်ပွဲမှတဆင့် အစိုးရကောင်းကိုမျှော်သည်။ ရွေးကောက်ပွဲများ၏ မူလဘူတရည်ရွယ်ချက်သည် အစိုးရကောင်းကို ပြည်သူ့ဆန္ဒဖြင့် တင်မြှောက်နိုင်ရန်ဖြစ်သည်။ သို့သော်လည်း ပြည်သူ့ဆန္ဒသည် အခါခပ်သိမ်း ဖြစ်နိုင်သည် မဟုတ်ပေ။ အကြောင်းမှာ ရွေးကောက်ပွဲများတွင် ထောင်ချောက်ရှိသည်။ လှည့်စားမှုများရှိသည်။ ပုံမှန်အခြေအနေတွင်ကျင်းပသည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးသမားများက သူတို့ကိုမဲထည့်ရန်အတွက် ပြည်သူကိုစည်းရုံးသည်။ အာဏာရှင်များ သို့မဟုတ် အာဏာသိမ်းသူများ ကျင်းပသည့် ရွေးကောက်ပွဲများတွင်မူ နိုင်ငံရေးသမားများက စည်းရုံးသူမဟုတ်တော့။ အာဏာရှင်များ၏ စည်းရုံးမှုကို ခံကြရသူများဖြစ်သွားသည်။   နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနောက်ပိုင်းက အာဏာကိုသာ မျှော်ကြည့်ကြသည်။ ရွေးကောက်ပွဲရှေ့က ချောက်ကမ်းပါးကြီးကိုမူ မမြင်ကြ။ သို့မဟုတ် မမြင်ချင်ယောင်ဆောင်ကြသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်ကျင်းပသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးခံ လိုက်ရသော နိုင်ငံရေးပါတီများကို တွေ့မြင်စပြုလာရသည်။   ဗောင်းတေ...

မြန်မာပြည် လွတ်လပ်ပြီလား (ခေတ်အလင်း)

Image
  မြန်မာပြည် လွတ်လပ်ပြီလား ညိုထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ၇၅ နှစ်ရှိခဲ့ပါပြီ။ သို့သော်လည်း ဋီကာမချဲ့ တိုက်ရိုက်မေးချင်သည်မှာ မြန်မာပြည် လွတ်လပ်ပြီလားဟူ၍ဖြစ်သည်။ အဘယ်နည်း။ လွတ်လပ်ရေးရသည်မှာ ၇၅ နှစ် ရှိပြီဆိုဟု ဆိုပြီး လွတ်လပ်ပြီလားဟု အဘယ့်ကြောင့် မေးသနည်း။ ရှေ့စကားနှင့် နောက်စကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသလော။ မဟုတ်ပါ။ အကြောင်းမှာ မြန်မာပြည်သည် အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဆင်းရဲတွင်းနွံမှ မလွတ်မြောက်သေး။ တန်းတူရည်တူမရှိမှုများ၊ မညီမျှမှုများကနေ မလွတ်မြောက်သေးပါ။ အတွေးအခေါ်အားဖြင့်လည်း မလွတ်မြောက်သေး။ တိတိပပဆိုရလျှင် စစ်ကျွန်ဘဝကမူ မလွတ်မြောက်သေးဟုသာ ဆိုချင်သည်။ အတိတ်နှစ်များ တို့ဗမာအစည်းအရုံးမှသည် ရဲဘော်သုံးကျိပ်၊ ထိုမှသည် ဖဆပလအဖွဲ့ချုပ်ကြီးအထိ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက ရှည်ကြာခဲ့ပါသည်။ အဆုံးတွင်တော့ အင်္ဂလိပ်က လွတ်လပ်ရေးပေးမည်ဟု တရားဝင်ကြေညာခဲ့သည်။ ဗိုလ်ချုပ်တို့ အင်္ဂလန်တွင် သွားရောက်ဆွေးနွေးခဲ့သည်။ အောင်ဆန်း - အက်တလီစာချုပ်ဖြစ်လာသည်။ ထို့နောက် တိုင်းရင်းသားများနှင့်ချုပ်ဆိုသည့် ပင်လုံစာချုပ်ဖြစ်လာ...

ပါတီမှတ်ပုံတင်ဥပဒေနဲ့ ကျောချဓားပြမှန်းမသိသူများ (ခေတ်အလင်း)

Image
  ပါတီမှတ်ပုံတင်ဥပဒေနဲ့ ကျောချဓားပြမှန်းမသိသူများ ------------------------ ပုံမှန်အားဖြင့်တော့ အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်မှာ လွှတ်တော်တွေက ထုတ်ပြန်တဲ့ ဥပဒေတွေကိုပြည်သူတွေ၊ ပညာရှင်တွေနဲ့ သတင်းစာဆရာတွေက အကျိုးအကြောင်း ရှု့ထောင့်စုံကနေ ဖော်ပြလေ့ရှိပါတယ်။ အခုတော့ အာဏာ ၃ ရပ် ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အမိန့်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ( ၂၀၂၃ ) ကို အတည်ပြုလာပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ကြမယ့် ပြည်သူများအတွက် အဲဒီဥပဒေဟာ ဘယ်လိုအနက် အဓိပ္ပါယ်ရှိပါသလဲ။ ဒီဥပဒေရဲ့သက်ရောက်မှုကရော ဘယ်သို့ဦးတည်ပါသလဲ။ ဒါကပဲ အခုဆောင်းပါး ရေးရခြင်း အကြောင်းရင်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီဥပဒေဟာ လက်ရှိကာလ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံမှာ ပြည်သူ့ထောက်ခံမှု အများအပြားရထားတဲ့ NLD ပါတီအတွက်သာမဟုတ်ဘဲ ပါတီအားလုံးနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုလိုချင်တာပါ။ စစ်အုပ်စုကတော့ သူတို့အလိုကျ အချက်တွေကို တိတိပပ ရှင်းရှင်းလင်းလင်းပင်ဖော်ပြထားပြီး သူတို့ရဲ့ ဒီမိုကရေစီအပေါ် ရှုမြင်ချဉ်းကပ်ပုံ၊ တိုင်းရင်းသားပါတီတွေအ...