အာဏာရှင်စက်ဝန်းဗဟိုချက်ထဲက မြန်မာ - ညိုထွန်း
ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဟောင်းဖာဒီနန်မားကို့စ်ပြုတ်ကျပြီး နှစ်ပေါင်း ၃၀ အကြာမှာ သူ့သား ဖာဒီနန်မားကို့စ်ဂျူနီယာ ဒါမှမဟုတ် ဘုံဘုံက ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတဖြစ်လာပါတယ်။ ဒီလိုပါပဲ နာမည်ပျက်နဲ့ကျော်စောတဲ့ သမ္မတဒူတာတေးရဲ့ သမီးက ဆာရာဒူတာတေးကလည်း ဒုသမ္မတဖြစ်လာတာပါပဲ။ ကမ္ဘောဒီးယားမှာလည်း လက်ရှိဝန်ကြီးချုပ်ဟာ အတိုက်အခံပါတီတွေကိုဖျက်သိမ်း၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်နှိပ်ကွပ်ခဲ့ပြီး ပြည်သူအပေါ်ဖိနှိပ်ဗိုလ်ကျနေတဲ့ အာဏာရှင်ဟွန်ဆန်ဖြစ်ပါတယ်။ ဒီလိုပဲထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာဟာလည်း စစ်တပ်ကနေအာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူပါ။ အရှေ့တောင်အာရှရဲ့ အာဏာရှင်စက်ဝန်းဗဟိုချက်မှာ နောက်ဆုံးအာဏာအသိမ်းခံလိုက်ရတာကတော့ မြန်မာဖြစ်ပါတယ်။ မြန်မာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်တာပါ။ ဒီတော့ အရှေ့တောင်အာရှရဲ့ ရေခံမြေခံကို နည်းနည်းလောက်ကြည့်လိုက်ရအောင်ပါ။ ဖိလစ်ပိုင်သို့ မားကို့စ်မိသားစုအတွက် ဘုရားပေးတဲ့လက်ဆောင် ဖာဒီနန်မားကို့စ်ဆိုတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖိလစ်ပိုင်အာဏာရှင်ဟောင်းဖြစ်ပါတယ်။ လူ့