နိုင်ငံပိုင်သိမ်းတော့မှာလားနှင့် သီရိလင်္ကာလမ်းပြမြေပုံ - ညိုထွန်း

သမ္မတတစ်ယောက်ထွက်ပြေးရတယ်ဆိုတာ ရုပ်ဆိုးလွန်းလှတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း အာဏာယစ်မူး၊ ဥစ္စာရူးပြီး ဆွေးမျိုးကောင်းစားရေးလုပ်နေတဲ့ သမ္မတတစ်ယောက် ထွက်ပြေးရတယ်ဆိုရင်တော့ဖြင့် ပြည်သူတွေအနေနဲ့က ကျေနပ်စရာပါ။ ဟုတ်ပါတယ်။ သီရိလင်္ကာသမ္မတကို ပြောတာပါ။ မြန်မာနိုင်ငံသားတွေ လိုချင်နေတဲ့ အခြေအနေတစ်ရပ်ကို သီရိလင်္ကာပြည်သူတွေက လုပ်ပြနိုင်ခဲ့ပါပြီ။ ဆိုတော့ သီရိလင်္ကာမှာ သမ္မတကထွက်ပြေး၊ စီးပွားရေးက ချွတ်ခြုံကျပြီး ပြည်သူတွေလည်း မွဲတေနေပါပြီ။ မနက်ဖြန်အတွက် အနာဂတ်ဆိုတာ ဘာလဲဆိုပြီး မေးခွန်းထုတ်နေရတဲ့ ဘဝပါ။ မြန်မာနိုင်ငံလည်း သီရိလင်္ကာနဲ့ သိပ်မကွာပါဘူး။ ပြည်သူတွေရဲ့အနာဂတ်တွေမဲ့ပြီး မျှော်လင့်ချက်တွေမဲ့နေရတဲ့အချိန်ပါ။ ပြည်သူတွေဟာ အလုပ်အကိုင်ကရှား၊ ကုန်ဈေးနှုန်းကကြီးပြီး စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှု သားကောင်ဖြစ်နေခဲ့ရတာပါ။ မြန်မာလူ့ဦးရေ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၁ သန်းကျော်ကလည်း တစ်နေ့ကို ၂ ဒေါ်လာလောက်ပဲရနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွေကဆိုပါတယ်။ လူဦးရေ ၁.၆ သန်းလောက်က အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဆောင်းပါးမှာတော့ သိပ်မကြာခင်ဖြစ်လာနိုင်ခြေရှိတဲ့ကိစ္စတွေကို ပ...